စည်းကမ်းနှင့်သတ်မှတ်ချက်များ

Online Job Fair Myanmar ဝဘ်ဆိုဒ်("ဆိုဒ်") မှရရှိနိုင်မည့် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများ အားအသုံးမပြုမှီ ဝဘ်ဆိုဒ်အသုံးပြုသူအားလုံး၏ အကျိုးအတွက် သတ်မှတ်ထားသည့် အောက်ဖေါ်ပြပါ စည်းကမ်းနှင့်သတ်မှတ်ချက်များကို သတိပြုဖတ်ရှုနားလည်ထားရန်လိုအပ်မည် ဖြစ်သည်။ ဝဘ်ဆိုဒ် အသုံးပြုခြင်းသို့မဟုတ် ဝင်ရောက်ခြင်းဖြင့် သင်သည်ယခု စည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့် အခြေအနေ အရပ်ရပ်ကိုသဘောတူညီထားပြီးဖြစ်သည်ဟုမှတ်ယူမည်ဖြစ်သည်။ Online Job Fair Myanmar က ယခုသဘောတူညီချက်ကို အသုံးပြုသူများ၏ အကျိုးအတွက် အချိန်မရွေးပြင်ဆင်နိုင်မည် ဖြစ်ပြီး ယင်းသို့ပြင်ဆင်ထားသည့် သဘောတူညီချက်အား ဝဘ်ဆိုဒ် တွင်တင်သည့်အချိန်တွင် တစ်ဆက် တည်း အတည်ဖြစ်သည်။ Post တင်သူလိုက်နာရမည့် စည်းကမ်းချက်များနှင့်အခြေအနေများကို Online Job Far Myanmar ၏ဝန်ဆောင်မှုကိုအသုံးပြုသူက ဝဘ်ဆိုဒ်နှင့်ဝန်ဆောင်မှု အသုံးပြုရာတွင် လက်ခံသိ ရှိထားရန်မှာ မဖြစ်မနေလိုအပ်ချက်ဖြစ်သည်။

ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် အသုံးပြုနိုင်မှုသတ်မှတ်ချက်

Online Job Fair Myanmar ဝဘ်ဆိုဒ် နှင့် မိုဘိုင်းအပလီကေးရှင်းကို အလုပ်ရှင် အလုပ်သမား နှစ်ဦးအတွက်သာမက ၎င်းတို့နှစ်ဦးလုံးကို ဝန်ဆောင်မှုပေးနေသည့် အလုပ်ရှာဖွေရေး အေဂျင်စီများပါ ပါဝင်နိုင်စေဖို့ Company , Agency , Seeker အဖြစ် Sector (၃) ခုဖြင့်တည်ဆောက်ထားပါသည်။ Sector တိုင်းတွင် အလုပ်ရာထူးအလိုက် Category (၁၈) ခုပါဝင်မှာဖြစ်ပါတယ်။ မိမိနှင့်သက်ဆိုင်သည့် / မိမိလုပ်ကိုင်လိုသည့် အလုပ်ရာထူးအမည် Category များတွင် Member အဖြစ်ဝင်ရောက်ထားခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို အွန်လိုင်းပေါ်မှ လွယ်ကူလျှင်မြန်စွာရှာဖွေရရှိနိုင်မှာဖြစ်ပါတယ်။ ဖုန်းနံပါတ်တစ်ခု ရှိထားလျှင် Online Job Fair Myanmar တွင်ပါဝင်ဖို့ အခမဲ့ Register လုပ်နိုင်မည် ဖြစ်ပြီး ထိုဖြည့်လိုက်သည့်ဖုန်းနံပါတ်သို့ အတည်ပြု OTP Code ဂဏာန်း ၆ လုံး ပြန်လည်ရောက်ရှိ မှာဖြစ်ပါသည်။ Register ပြုလုပ်ပြီးနောက် Category များသို့ဝင်ရောက်နိုင်ရန် မိမိ၏ ကိုယ်ရေးအချက် အလက်များကို ဖြည့်စွက်ထားရမှာဖြစ်ပါတယ်။ ဝန်ထမ်းခေါ်ယူကြမည့် ကုမ္ပဏီ နှင့် အေဂျင်စီများအနေဖြင့်လည်း အလုပ်ခေါ်စားများကို သက်ဆိုင်ရာ အလုပ်ရာထူးအမည် Category များတွင်ဝင်ရောက်၍ တင်ရမည်ဖြစ်ပါသည်။ သို့မှသာ သက်ဆိုင်သူများ ထံတိုက်ရိုက်ရောက်ရှိစေမည်ဖြစ်ပါသည်။ အလုပ်ရာထူးအမည် Category နှင့်မသက်ဆိုင်သည့် အလုပ်ခေါ်စာနှင့် အကြောင်းအရာများ ဖေါ်ပြခြင်းအတွက် ထိုတင်သည့် Post ပျက်ပြယ်စေမည့်အပြင် တင်သည့် Account လော့ကျသွားမည်ဖြစ်ပါသည်။

မူပိုင်ခွင့်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ

ယခုဝဘ်ဆိုဒ်မှ အရာအားလုံးနှင့် သက်ဆိုင်သည့် မူပိုင်ခွင့်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များကို အခြား ဖော်ပြချက်မပါဝင်ပါက onlinejobfairmyanmar.com (“ Online Job Fair Myanmar") မှပိုင်ဆိုင်၍ သင့်အနေဖြင့် onlinejobfairmyanmar မှပိုင်ဆိုင်သည့် မူပိုင်ခွင့်ကိုမချိုးဖောက်ရန်သဘောတူညီ ထားပြီးဖြစ်သည်။

ပုဂ္ဂိုလ်ရေးနှင့် စီးပွားဖြစ်မဟုတ်သည့် အချက်အလက် အသုံးပြုမှု

ယခုဝဘ်ဆိုဒ်တွင်ပါဝင်သည့် အချက်အလက်များသည် ပုဂ္ဂိုလ်ရေးအတွက်အသုံးပြုရန်သာဖြစ်ပြီး ရောင်းချရန်အခွင့်မရှိကြောင်း (သို့) မည်သည့်စီးပွားဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းမရှိစေရန် ကြော်ငြာရှင်/ဆက်သွယ်ရန်တာဝန်ခံအဖြစ် ဖော်ပြခြင်းကို အသိပေးခြင်းမရှိဘဲအသုံးပြုခြင်းသည် ယခုစာပိုဒ်နှင့် အကျုံးဝင်သော်လည်း ကန့်သတ်ထားခြင်းမရှိပါက သဘောတူညီထားပြီးဖြစ်သည်။ ယခုဝဘ်ဆိုဒ်မှ အချက်အလက်များကို ဒေါင်းလုဒ်ရယူနိုင်သော်လည်း သင့်ပုဂ္ဂိုလ်ရေးအကျိုးနှင့် စီးပွားဖြစ်မဟုတ်သည့် အသုံးပြုမှုအတွက်သာလျှင် မူပိုင်ခွင့်နှင့် အခြားပိုင်ဆိုင်မှုဆိုင်ရာ အသိပေးချက် တို့အား ချိုးဖောက်ခြင်းမရှိဘဲ အသုံးပြုရန်ခွင့်ပြုထားသည်။ onlinejobfairmyanmar.com တွင် ပြင်ဆင်ခြင်း၊ ကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ တင်သွင်းခြင်း၊ ပိုစ့်တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းကိုမည်သည်နည်းလမ်းနှင့်မဆို ယခုဝဘ်ဆိုဒ်မှ မည်သည့်အချက်အလက်ကိုမဆို သို့မဟုတ် မည်သည့်ဗားရှင်းကမဆို ကိုအခြားသူတစ်ဦးအတွက် ကိုယ်စားပြု၍ အခပေးအဖွဲ့ဝင်အဖြစ်ပါဝင်လုပ်ဆောင်ခြင်းမပြုလုပ်ရန် သင်သဘောတူညီထားပြီး ဖြစ်သည်။ ယခုဝဘ်ဆိုဒ်နှင့် အလားတူအခြားဗားရှင်းတို့မှ မည်သည့်အချက်အလက်ကိုမဆို ပြင်ဆင်ခြင်း၊ ကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ပြန်လည်ပုံနှိပ်ခြင်း၊ တင်သွင်းခြင်း၊ ပိုစ့်တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖြန့်ဝေခြင်းကိုသင်ပြုလုပ်ရန်အခွင့်မရှိပါ။ ကုဒ်၊ ရုပ်ပုံများ၊ ကြော်ငြာအချက်အလက်၊ ကြော်ငြာရှင်၏အချက်အလက်၊ လိုဂို၊ အလုပ်အချက်အလက်၊ ထုတ်ကုန်အချက်အလက်၊ အထွေထွေအချက်အလက်၊ အခပေးအချက်အလက်၊ ကြော်ငြာများ၊ ကြော်ငြာရှင်အသေးစိတ်အချက်များ၊ အသုံးပြုသူ၏အပြင်အဆင်ဒီဇိုင်းနှင့် ဆောဖ်ဝဲ တို့မှာယခုစာပိုဒ်တွင် အကျုံးဝင်သော်လည်း ကန့်သတ်မထားပါ။ သင့်အနေဖြင့် ယခုဆိုဒ်ကို မြန်မာနိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်မညီသည့် သို့မဟုတ် ယခုအသုံးပြုမှုဆိုင်ရာစည်းကမ်းချက်များမှ တားမြစ်ထားသည့်ရည်ညွန်းချက်များအား အသုံးပြုရန်အခွင့် မရှိစေရ။ ကျွန်ုပ်တို့ဝဘ်ဆိုဒ်တွင်ပါဝင်သည့်အချက်အလက်ကို သင့်ကိုယ်ပိုင်ဝဘ်ဆိုဒ်တွင် အချက်အလက် ပြန်လည်ထုတ်ဝေခြင်း သို့မဟုတ်အခြားတစ်နေရာရာတွင်ပုံနှိပ်ထုတ်ဝေခြင်းကို ကျွန်ုပ်တို့ထံမှစာဖြင့် ရေးသားသည့် ကြိုတင်သဘောတူညီချက်မပါဘဲ အသုံးပြုရန်သင့်တွင်အခွင့်မရှိစေရ။ ဝဘ်ဆိုဒ်အတွင်းဝင်ရောက်ရန် ကန့်သတ်ထားသည့် နေရာများသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းတို့ကို ပုဂ္ဂိုလ်ရေးအကျိုးတွက် သို့မဟုတ် စီးပွားဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခြင်းသည် ပိုင်နက် ကျူးလွန်မှုအဖြစ်သက်ရောက်သည်ကို သင် သိရှိနားလည်သဘောတူညီထားပြီးဖြစ်သည်။

ပရောဖက်ရှင်နယ်အကြံပြုချက်အဖြစ်မသက်ရောက်သည့် အချက်အလက်

Online Job Fair Myanmar မှထုတ်ပြန်ထားသည့်အချက်အလက်များသည် ဥပဒေကြောင်းအရ သော်လည်းကောင်း အခြား ကိစ္စအရပ်ရပ်အတွက် လည်းကောင်း အထွေထွေအချက်အလက်ကို ချုံငုံဖော်ပြထားသည့်သဘောဖြင့် ရည်ညွှန်းဖော်ပြထားခြင်းဖြစ်ကြောင်းကို သင်နားလည်သိရှိ၍ သဘောတူညီထားပြီးဖြစ်သည်။ Onlie Job Fair Myanmar က မည်သည့် လုပ်ငန်းရှင်များ၊ အလုပ်လျှောက်ထားသူများကို ထောက်ခံ ထားခြင်း သို့မဟုတ် အကြံပြုထားခြင်းမရှိကြောင်းနှင့် ဝဘ်ဆိုဒ်တွင် သင်တို့ဖော်ပြထားသည့် မည်သည့် သဘောတူညီချက်ကိုမဆို မလုပ်ဆောင်မှီ ယင်းလုပ်ဆောင်ချက်နှင့်ဆိုင်သည့်သင့်အား တိုက်ရိုက် ဥပဒေကအပ်နှင်းထားသည့်အခွင့်၊ စာရင်းစစ်၊ ငွေကြေးဆိုင်ရာ၊ ဖောက်သည်၏ကျော်ကြားမှု၊ ကိုးကား ချက်၊ နောက်ကြောင်းစစ်ဆေးခြင်း သို့မဟုတ် အခွန်ကောက်ဆိုင်ရာကိစ္စရပ်များကို သင့်ကိုယ်ပိုင်အခွင့် သာဖြစ်ကြောင်း နှင့် သင်နှင့်သာသက်ဆိုင်ကြောင်း သင့်လျှော်သည့်အရေးကြီးအကြံပြုချက် ပေးထားပြီး ဖြစ်ကြောင်းသတိချပ်ရန်ဖြစ်သည်။ ယခုဝဘ်ဆိုဒ်တွင်ဖော်ပြထားသည့် လုပ်ငန်းအချက်အလက်များ၊ ကိုယ်ရေးအချက်အလက်များ နှင့် အလုပ်ခေါ်စာများ ၊ အခြားဖော်ပြချက်များ သို့မဟုတ် အင်တာနက်အတွင်းဖော်ပြချက်များ၏ မှန်ကန်မှုနှုန်း၊ ပြည့်ဝစုံလင်မှု နှင့် အသုံးဝင်နိုင်မှုတို့နှင့်ဆိုင်သည့် အကဲဖြတ်ရန်တာဝန်မှာ သင့်တာဝန်ခံမှုအတွင်းသာဖြစ်ကြောင်းကို သင်သဘောတူလက်ခံထားသည်ဟု မှတ်ယူပါသည်။ ဝဘ်ဆိုဒ်တွင်ပါဝင်သည့် သို့မဟုတ် ဝဘ်ဆိုဒ်မှထုတ်လွှင့်သည့် မည်သည့်အချက်အလက်အတွက်ကိုမဆို၊ သင်သို့မဟုတ်အခြားမည်သူမဆို ချမှတ်သည့်ဆုံးဖြတ်ချက် သို့မဟုတ် ယုံကြည်ချက်ဖြင့်ဆောင်ရွက်မှု တစ်စုံတစ်ရာအတွက် Online Job Fair Myanmar မှ သင်သို့မဟုတ်အခြားမည်သူ့အပေါ်တွင်မဆို တာဝန်ခံရန် အရေးကိစ္စမရှိစေရဆိုသည့်အချက်ကို သင်သဘောတူလက်ခံထားသည်ဟု မှတ်ယူပါသည်။

ဝန်ဆောင်မှုအတွက်အာမခံမှုအခြေအနေ

Online Job Fair Myanmar က ဝဘ်ဆိုဒ်တွင်ကြော်ငြာထားသည့် အလုပ်ခေါ်စာတစ်စုံတစ်ရာ သို့မဟုတ် ကုန်ပစ္စည်း တစ်စုံတစ်ရာနှင့်ဆက်စပ်၍ ရနိုင်ရန်အခွင့်အားလည်ကောင်း၊ ဝဘ်ဆိုဒ်တွင် ပါဝင်သူ ဖြည့်စွက်ထားခြင်း အတွက် သင့်ထံတွင် တာဝန်ခံရန်အရေး သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုပယ်ဖျက်ထားခြင်းအတွက်အားလည်းကောင်း၊ ကြော်ငြာမပယ်ဖျက်မှီကာလအတွင်း အလုပ်လျှောက်ထားသူရရှိနိုင်မှုအခြေအနေအတွက်လည်းကောင်း၊ ဆိုဒ်မှ ကိုယ်ရေးရာဇဝင် (စီဗီ) ရရှိနိုင်ရန်အတွက်လည်းကောင်း အာမခံထားခြင်းမရှိပါ။ တစ်ချိန်တည်းမှာပင် Online Job Fair Myanmar က အလုပ်ခေါ်စာများ သို့မဟုတ် ကြော်ငြာထားသည့် အလုပ်လျှောက်ထားမှုများ မှန်ကန်မှုရှိစေရန်နှင့် အလုပ်အတွက်သက်ဆိုင်သည့်အချက်အလက် သို့တည်းမဟုတ် လူပုဂ္ဂိုလ်တစ်ဦးအဖြစ်မှန်ကန်မှုရှိစေရန် ကြိုးပမ်းအားထုတ်လျှက်ရှိသော်လည်း အလုပ်တိုင်း သို့မဟုတ် အလုပ်လျှောက်ထားသူဖော်ပြချက်တိုင်းသည် အမှားယွင်းကင်းကြောင်း သို့မဟုတ် အပြည့်အဝမှန်ကန်ကြောင်း အာမခံပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့ချိတ်ဆက်ထားသည့် ဝဘ်ဆိုဒ်များ သို့မဟုတ် ကျွန်ုပ်တို့အားချိတ်ဆက်ထားသည့်လင့်များသည် အသုံးပြုသူများ လေ့လာနိုင်ရန်သာဖြစ်၍ အာမခံထားခြင်း ထောက်ခံထားခြင်းမျိုးမဟုတ်ပါ။ Online Job Fair Myanmar က တတိယပုဂ္ဂိုလ်ထံမှ လင့်များ၊ လမ်းညွှန်ချက်များကို၎င်း၏ ဝဘ်ဆိုဒ်တွင်ဖော်ပြထားနိုင်သည်။ ယင်းလင့်ပေးထားသည့်ဆိုဒ်များသည် Online Job Fair Myanmar ၏ထိန်းချုပ်မှုအောက်တွင်ရှိသည် မဟုတ်၍လည်းကောင်း၊ ၎င်းလင့်ပေးထားသည့်ဆိုဒ်များတွင်ပါဝင်သည့် အချက်အလက်များ (မှန်ကန်မှုနှုန်း၊အမှန်ဖြစ်ခြင်းသို့မဟုတ်လုပ်ဆောင်ချက်များအပါအဝင်)၊ သို့မဟုတ် လင့်ပေးထားသည့် ဆိုဒ်တွင်ပါဝင်သည့် လင့်များအတွက် တာဝန်ခံထားခြင်းမရှိပါ။ Online Job Fair Myanmar ကယင်းလင့်များကို သင်အဆင်ပြေချောမွေ့စေရန်ရည်ရွယ်ချက်ဖြင့် သာဖော်ပြထားခြင်းဖြစ်ပြီး မည်သည့်လင့်ကိုမဆို ထည့်သွင်းထားခြင်းသည် Online Job Fair Myanmar မှထောက်ခံထားခြင်းအဖြစ်လည်း မှတ်ယူနိုင်မည်မဟုတ်ပါ။ ချိတ်ဆက်ထားသည့် ဆိုဒ်နှင့်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာအရေးကိစ္စများသည်လည်း Online Job Fair Myanmar ၏တာဝန်ခံမှုအပိုင်းတွင်မရှိပါ။ မည်သည့်ပုံစံအမျိုးအစားနှင့်မဆိုဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှု နှင့်ဆက်စပ်၍သော်လည်းကောင်း၊ မည်သည့်တတိယပုဂ္ဂိုလ် ပံ့ပိုးသည့် ဝန်ဆောင်မှုအတွက်ကိုမဆို သို့မဟုတ် မည်သည့်အချက်အလက်အတွက်မဆို မမျှော်လင့်ဘဲဖြစ်ပွားသည့်အငြင်းပွားဖွယ်ကိစ္စရပ်တွက်ကိုမဆို Online Job Fair Myanmar ကတာဝန်ခံရန်အရေးမရှိစေရ ဆိုသည့်အချက်ကို သင်သဘောတူလက်ခံထားသည်ဟု မှတ်ယူပါသည်။

သင်ပေးပို့ထားသည့်အချက်အလက်များကျွန်ုပ်တို့အသုံးပြုနိုင်ခွင့်

Online Job Fair Myanmar ကသင့်ထံမှ ဝဘ်ဆိုဒ်နှင့်သက်ဆိုင်သည့် မည်သည့်အကြံအဉာဏ်၊ သုံးသပ်ချက်ကိုမဆို ကြိုဆိုလက်ခံလျှက်ရှိပါသည်။ အီးမေးမှတစ်ဆင့်သို့မဟုတ် အခြားနည်းလမ်း များဖြင့် Online Job Fair Myanmar သို့ဆက်သွယ်ပေးပို့လာသည့် အခြားမည်သည့်အချက်အလက်ကို မဆို (အကြံဉာဏ် သို့မဟုတ် ဝန်ဆောင်မှုမြင့်တင်ရန်) သင်ပေးပို့ထားသည်တို့ကို ပြန်လည်ထုတ်ပြန်ခြင်း၊ဖြန့်ချိခြင်း၊ ထုတ်လွင့်ခြင်း နှင့် အများသူမြင်သာအောင်ဖော်ပြနိုင်ရန် အခွင့်ရှိကြောင်း သင်သဘောတူညီထားပြီး ဖြစ်သည်ဟုမှတ်ယူပါမည် ။ (သင်ပေးပို့လာသည့်အချက်အလက်များအား ကျွန်ုပ်တို့မည်သို့လုပ်ဆောင်သည်ကို ကျွန်ုပ်တို့၏ ဖေါ်ပြချက်တွင်ဖတ်ရှုနိုင်ပါသည်။)

သင့်အချက်အလက်များ လုံခြုံရေးထိမ်းသိမ်းစောင့်ရှောက်ပေးထားမှုအခြေအနေ

Online Job Fair Myanmar ကသင်တင်ထားသည့်အချက်အလက်များ၊ အလုပ်ခေါ်စာများအား လုံခြုံရေးကျိုးပေါက်မှုမရှိစေရန်အတွက်လျှော်ကန်သည့် ထိန်းသိမ်း စောင့်ရှောက်မှုပြုလုပ်ထားပြီး ဖြစ်သော်လည်း၊ ၎င်းအချက်အလက်များကို အင်တာနက်တွင်တစ်နေရာမှတစ်နေရာ လွဲပြောင်းသည့် အချိန်သို့မဟုတ် Online Job Fair Myanmar ၏ စနစ်အတွင်းသိမ်းဆည်းထားသည့်အခြေအနေတွင် သို့မဟုတ် Online Job Fair Myanmar ၏ ဝဘ်ဆိုဒ်အတွင်း အခြားတတိယပုဂ္ဂိုလ်မှ တရားမဝင် ရယူနိုင်သည့်အခြေအနေတစ်ရပ်လည်းရှိလာနိုင်ပါသည်။ ဤသို့သောဖြစ်ပွားသည့် အခြေအနေ တစ်ရပ်ရပ်အတွက် Online Job Fair Myanmar မှတာဝန်ခံမည်မဟုတ်ဘဲ ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်သည့် အခြေအနေအားလုံးသည် သင်၏အခွင့်အရေးသာဖြစ်၍ လိုအပ်မည့် အထောက် အထားများကို မိမိတို့ဘက်မှ ဥပဒေနှင့်အညီ ပံ့ပိုးကူညီပေးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ လျှို့ဝှက်နံပါတ်နှင့် ဝင်ရန်အတွက် သင်၏ဝတ္တရား

ဝဘ်ဆိုဒ်သို့ ဝင်ရောက်အသုံးပြုရန် မှတ်ပုံတင်ရန်လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင်၍အသုံးပြုသူတစ်ဦး ဖြစ်ရန်အတွက် သင့်အနေဖြင့် လျှို့ဝှက်နံပါတ်နှင့် ဝင်ရန်အမည်တို့ကိုပေးရန်လိုအပ်ပါမည်။ သင့်လျှို့ဝှက်နံပါတ်နှင့် ဝင်ရန်အမည်တို့ကို လျှို့ဝှက်သိမ်းဆည်းရန် ပျက်ကွက်ခြင်းအတွက် သင့်တွင် အပြည့်အဝတာဝန်ရှိပါသည်။ ထိုထက်ပို၍ သင့်ဝင်ရန်အမည်နှင့်ဆက်စပ်၍ဖြစ်ပေါ်လာသည့် လုပ်ဆောင်ချက်အားလုံးအတွက်သင့်တွင် အပြည့်အဝတာဝန်ရှိပါသည်။ သင့်အနေဖြင့် လျှို့ဝှက်နံပါတ်ကို လမ်းညွန်ချက်များအတိုင်း အချိန်မရွေးပြောင်းလဲနိုင်သည်။ သင်ဝင်ရန် အချက်အလက်ကိုလည်း Online Job Fair Myanmar ၏ ဖောက်သည်ဝန်ဆောင်မှုသို့ဆက်သွယ်၍ ပြောင်းလဲနိုင်ပါသည်။ အသင့်ဝင်ရန်အမည်ကိုအသုံးပြု၍ အခွင့်မရှိဘဲဝင်ရာက်ခြင်း သို့မဟုတ် လုံခြုံရေးဆိုင်ရာချိုးဖောက်မှုတစ်စုံတစ်ရာ အတွက် သင်သိရှိသည်နှင့် Online Job Fair Myanmar ထံမဆိုင်းမတွအသိပေးရန် သင်သဘောတူညီထားပြီးဖြစ်သည်ဟု ကျွန်ုပ်တို့မှတ်ယူပါသည်။

ဖေါ်ပြချက်များအတွက်တာဝန်ရှိမှု

Online Job Fair Myanmar တွင် သက်ဆိုင်ရာအလုပ်ရာထူးအမျိုးအစား အလိုက် Category များခွဲခြားသတ်မှတ်ပေးထားခြင်းကြောင့် မိမိနှင့်လုပ်ကိုင်လိုသည့် အလုပ်ရာထူး Category သို့သာဝင်ရောက်ထားရန်နှင့် အလုပ်ရာထူး Category နှင့်သက်ဆိုင်သည့်အလုပ်ခေါ်စာ Post များကိုသာ တင်ကြရမည်ဖြစ်သည်။ အလုပ်ရာထူး Category နှင့် မသက်ဆိုင်သည့် အလုပ်ခေါ်စာများတင်ခြင်း နှင့် ဥပဒေနှင့်မညီသည့် အကြောင်းအရာများတင်ခြင်း အတွက် Post အလိုအလျှောက်ပျက်ပြယ်စေမည့်အပြင် ထိုအသုံးပြုသူ၏ Account ပယ်ဖျက်ခြင်းခံရမည်ကို ဝက်ဆိုဒ်အသုံးပြုသူ သိရှိနားလည်ပြီးဖြစ်ကြောင်း Online Job Fair Myanmar မှတ်ယူထားပါသည်။ Online Job Fair Myanmar ပေါ်သို့ သင်၏အကောင့်ဖြင့်တင်သည့် အချက်အလက်သို့မဟုတ် ဝန်ဆောင်မှုနှင့် Online Job Fair Myanmar မှပေးသည့် အခြားဝန်ဆောင်မှုများနှင့်ဆက်စပ်၍၎င်း၊ သင်ကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိဘဲဆိုဒ်အတွင်းမှတစ်ဆင့်လုပ်ဆောင်ချက်အတွက်လည်းကောင်း၊ မှားယွင်းသည့်ထင်မြင်ချက်ဖြစ်စေခြင်း သို့မဟုတ် အခြားသူအားလိမ်လည်ခြင်းအားလည်းကောင်း ၊ နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေများအား ဆန့်ကျင်သည့် ဖေါ်ပြချက်တင်ပြချက်များ ၊ အခြင်းအရာ များသည် သင် Online Job Fair Myanmar အသုံးပြုသည့် အခြေအနေတစ်ရပ် အဖြစ်သက်ရောက် ကြောင်း သင်သဘောတူညီထားပြီး ဖြစ်သည်။ ထိုအခြင်းအရာများတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက် သည် သင်နှင့်သာသက်ဆိုင်မည်ဖြစ်ပါသည်။

အထွေထွေပြဋ္ဌာန်းချက်များ

ယခုသဘောတူညီချက်မှမည်သည့်အစိတ်အပိုင်းကိုမဆို Online Job Fair Myanmar မှ အခြေအနေ အချိန်အခါအရ လိုအပ်သလို ပြင်ဆင်ခွင့်ရှိသည်။ သဘောတူညီချက်အရ မှားယွင်းမှုရှိလာခဲ့ပါက ယခုသဘောတူညီချက်မှ တစ်ဆင့်လုပ်ဆောင်ရန်ဖြစ်ပြီး ကျန်ရှိသည့် အချက်အလက်များမှာ မှန်ကန်၍ ဥပဒေသက်ရောက်နိုင်သည့် သဘောရှိသည်။ ယခုသဘောတူညီချက်ကို ရုတ်သိမ်းခြင်းသည် ယခုသဘောတူညီချက် ဖျက်သိမ်းပြီးသော်လည်း ဆက်လက်တည်ရှိနိုင်သည့် ပြဋ္ဌာန်းချက်များကို ရုတ်သိမ်းနိုင်မည်မဟုတ်။ ယခုသဘောတူညီချက် ကိုအသက်ဝင်စေမည့်ဥပဒေမှာ မြန်မာနိုင်ငံအတွင်း ပြဌာန်းထားသည့် တည်ဆဲဥပဒေဖြစ်သည်။ ယခုသဘောတူညီချက်တွင်ပါဝင်သည့် " Online Job Fair Myanmar ", "ကျွန်ုပ်တို့", "ကျွန်ုပ်တို့၏" နှင့် "ကျွန်ုပ်" စသည့်ဝေါဟာရအသုံးနှုန်းများသည် Online Job Fair Myanmar ၏ "ဝဘ်ဆိုဒ်" ဝေါဟာရသည် onlinejobfairmyanmar.com တွင်ပါဝင်သည့် အချက်အလက်အကြောင်းအရာ များကိုရည်ညွန်းသည်။

O.J.F.M

Online Job Fair Myanmar ၏ ရည်ရွယ်ချက်မှာ အလုပ်ရှင်များနှင့် အလုပ်သမားများ တိုက်ရိုက်အဆက်အသွယ်ရရှိ၍ အချိန် နှင့် ငွေ အကုန်အကျသက်သာစွာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ အမြန်ဆုံးရရှိစေရမည်။

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.