FAQs

1. Online Job Fair Myanmar အကြောင်း သိလိုပါသလား?
              အလုပ်အကိုင် ရှာဖွေသူများနှင့် ဝန်ထမ်းရှာဖွေနေသော Company များကို အချိန်နှင့်ငွေ အကုန်အကျ သက်သာစွာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ လွယ်ကူလျှင်မြန်စွာ ရရှိစေရန် ကူညီပေးမည့် Website တစ်ခု ဖြစ်ပါသည်။ အသုံးပြုရလွယ်ကူစေရန် မြန်မာလူမျိုးများ ရင်းနှီးကျွမ်းဝင်မှုရှိစေမည့် Website Design ပုံစံဖြင့် အရိုးရှင်းဆုံး တည်ဆောက်ထားခြင်းဖြစ်ပါသည်။ Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုကြည့်ပါ ၊ အကျိုးရှိမှာသေခြာ ပါတယ်။

2. Online Job Fair Myanmar Website သည် Agency သဘောလုပ်တာပါလား?
              အလုပ်/အလုပ်သမား ရှာပေးသည့် Agency မဟုတ်ပါ။ Company , Agency , Seeker များ အတွက် အချိန် နှင့် ငွေ အကုန်အကျ သက်သာစွာဖြင့် အပြန်အလှန် ချိတ်ဆက်ရာတွင် အဆင်ပြေစေရန်အတွက် နည်းပညာဖြင့် ကူညီပေးသော Web Application တစ်ခုသာ ဖြစ်ပါသည်။ အလုပ်ရခြင်း / ဝန်ထမ်းရခြင်းအတွက်လည်း ဝန်ဆောင်ခပေးရန်မလိုပါ။ Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုကြည့်ပါ ၊ အကျိုးရှိမှာသေခြာပါတယ်။

3. Website တွင် Register လုပ်ထားရင် ဘာအကျိုးရှိမှာလဲ? ဘယ်လောက်ကုန်ကျမလဲ?
              Register တစ်ခါပြုလုပ်ထားရုံဖြင့် တစ်သက်တာ Member အဖြစ်သတ်မှတ်ပေးထားလို့ Website ပေါ်ရှိအလုပ်ခေါ်စာများကို အမြဲမြင်တွေ့ခွင့်ရမှာဖြစ်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်း အတွက် စိတ်အေးရမှာဖြစ်ပါတယ်။ Register ပြုလုပ်ခြင်းအတွက် အခကြေးငွေပေးရန်မလိုပါ။ အလုပ်ရာထူးအလိုက် Category များသို့ ဝင်ရောက်ရာတွင် လူတစ်ဦး Category တစ်ခုသို့အခမဲ့ဝင်နိုင်ပြီး နောက်ထပ်ဝင်ရောက်မည့် Category များအတွက် တစ်လအတွက် တစ်ထောင်မကျော်သည့် လစဉ်ကြေးအား အွန်လိုင်စနစ်ဖြင့် ပေးသွင်းရမှာဖြစ်ပါတယ်။ Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုကြည့်ပါ ၊ အကျိုးရှိမှာသေခြာပါတယ်။

5. Online Job Fair Myanmar Website ကို အသုံးပြုရန် ဘာတွေလိုအပ်ပါသလဲ?
              ဖုန်းနံပါတ်တစ်ခုနှင့်ဖုန်းတစ်လုံးရှိရုံဖြင့် အင်တာနက်ဖွင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Register ပြုလုပ်ချိတ်တွင် ဖေါ်ပြသည့် ဖုန်းနံပါတ်သို့ အတည်ပြုနံပါတ်ပြန်လည်ပေးပို့မှာဖြစ်ပြီး ထိုနံပါတ်အားရိုက်သွင်းသည်နှင့် စတင်အသုံးပြု၍ရမည်ဖြစ်ပါသည်။ Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုကြည့်ပါ ၊ အကျိုးရှိမှာသေခြာပါတယ်။

6. Facebook Group နှင့် Website ဘာကွာခြားမှု ရှိပါသလဲ ?
              Facebook Group တွင် မိမိဝင်ထားသည့်အလုပ်ရာထူး Group အတွင်းတင်သည့် အလုပ်ခေါ်စာနှင့် ခေါ်စာတင်သူကိုသာ သိခွင့်ရမည်ဖြစ်သော်လည်း Website တွင် ခေါ်သည့်ကုမ္ပဏီကို အသေးစိတ်ကြည့်ရှုနိုင်ခြင်း၊ အခြားအလုပ်ရာထူး Category များမှ ခေါ်စာအရေအတွက်နှင့် အလုပ်ရှာသူအရေအတွက်များ သိရှိနိုင်၍ စိတ်ဝင်စားလျှင်လွယ်ကူစွာဝင်ရောက်လျှောက်ထားနိုင်မည့်အပြင် Google Playstore တွင် Job Fair Myanmar အမည်ဖြင့် မိမိဖုန်းအတွင်း Download ရယူ၍ ထည့်ထားခြင်းဖြင့် မိမိအတွက်သာမက မိတ်ဆွေသူငယ်ချင်းများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ VPN ကျော်စရာမလို အချိန်မရွေး ကူညီပေးနိုင်မည်ဖြစ်ပါသည်။ Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုကြည့်ပါ ၊ အကျိုးရှိမှာသေခြာ ပါတယ်။

7. Website တွင် ပါဝင်သော ကဏ္ဍများကို သိလိုပါသလား ?
              အလုပ်အကိုင်နှင့်ပတ်သက်၍ Company တိုက်ရိုက်တင်သည့် အလုပ်ခေါ်စာများကဏ္ဍ ၊ Agency များမှတစ်ဆင့်ခေါ်သည့် အလုပ်ခေါ်စာကဏ္ဍ နှင့် အလုပ်လိုအပ်သူများ Seeker ကဏ္ဍ ဟူ၍ သုံးမျိုးပါဝင်မှာဖြစ်ပြီး အလုပ်အကိုင်နှင့်ပတ်သက်သည့် ဗဟုသုတများကို လေ့လာနိုင်မည့်အပြင် Register ပြုလုပ်ပါဝင်ကြသူများမှ ဂုဏ်ပြုစာရေးသားနိုင်ခြင်း၊ လျှို့ဝှက်မှတ်တမ်းတင်ထားမှု များလုပ်ဆောင် နိုင်မည့် ကဏ္ဍကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားပါသည်။ Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုကြည့်ပါ ၊ အကျိုးရှိမှာသေခြာ ပါတယ်။

O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.