ကျွန်ုပ်တို့အကြောင်း

အလုပ်ရှင် နှင့် အလုပ်သမားများ တိုက်ရိုက်အဆက်အသွယ်ရရှိခြင်းကြောင့် နှစ်ဦးစလုံး အချိန်နှင့်ငွေ ကုန်ကျစရိတ် သက်သာစွာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ အမြန်ဆုံး ရရှိစေရန် ရည်ရွယ်၍ ၂၀၂၀ ခုနှစ် ဇွန်လတွင် Job Creative အမည်ဖြင့် Facebook Group များ စတင်တည်ဆောက်ခဲ့ပါသည်။

Group များအား အလုပ်ရာထူးအလိုက် အမည်များသတ်မှတ် တည်ဆောက်ပေးခဲ့၍ ဝင်ရောက်လာသည့် အလုပ်ရှင်များမှ မိမိတို့လိုအပ်သည့်အလုပ်ခေါ်စာများတင်ထားနိုင်သည့်အပြင် အလုပ်လိုအပ်သူများ တင်ထားသည့်ကိုယ်ရေးအချက်အလက်များကိုပါ မြင်တွေ့ခွင့်ရမည်ဖြစ်သောကြောင့် မိမိလိုအပ်ချက်နှင့် ကိုက်ညီသူများကို တိုက်ရိုက်ဆက်သွယ်ခန့်ထားနိုင်မည်ဖြစ်ပြီး အလုပ်လိုအပ်သူများမှ လည်း ကုမ္ပဏီများ၏ အလုပ်ခေါ်စာများကို ကြည့်၍ တိုက်ရိုက်ဆက်သွယ်လျှောက်ထားနိုင်မည့်အပြင် ကုမ္ပဏီလုပ်ငန်းများ၏ အချက်အလက်များကို မြင်တွေ့ခွင့်ရမည်ဖြစ်သောကြောင့် ဝင်ရောက်လုပ်ကိုင်လိုသည့် ကုမ္ပဏီလုပ်ငန်းသို့ ဆက်သွယ်လျှောက်ထားနိုင်မည်ဖြစ်သည်။

အလုပ်ရှင်နှင့်အလုပ်သမားတိုက်ရိုက်အပြန်အလှန်မြင်တွေ့ချိတ်ဆက်ခွင့်ရရန်ဆောင်ရွက်ပေးထားခြင်းဖြစ်သောကြောင့် အလုပ်အကိုင်ပြပွဲ တစ်ခုကဲ့သို့ဖြစ်၍ Facebook Group အမည်များကို Job Fair အဖြစ် ၂၀၂၀ ခုနှစ်‌ ဇူလိုင်လတွင် ပြောင်းလဲပြင်ဆင်ခဲ့ပါသည်။

ခန်းမကြီးများတွင်ကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများထက် သာလွန်သည့် အခွင့်ရေးများရှိမည့် Online Job Fair ပွဲလေးကို Group (၁၅) ခုဖြင့် ဆောင်ရွက်ပေးခဲ့ရာ ဖုန်းရှိ၍ Facebook အသုံးပြုသူ မည်သူမဆို ထိုင်ရာမှမထမှီ အလုပ်ရနိုင်သလို ၊ ဝန်ထမ်းလည်းရနိုင်မည့်အပြင် မိတ်ဆွေအပေါင်းအသင်းများကိုလည်း ထိရောက်သည့် ကူညီမှုပေးနိုင်ခဲ့ပါသည်။

Facebook လူမှုကွန်ယက်အပေါ်မှီခို၍ Job Fair Group များအားတည်ဆောက်ထားခြင်း ဖြစ်သောကြောင့် ကန့်သတ်ချက်များရှိသည့်အပြင် မလိုလားအပ်သည့်နှောက်ယှက်မှုများ ရှိလာနိုင်သောကြောင့် လုံခြုံစိတ်ချရသည့် Website တစ်ခုအဖြစ် တည်ဆောက်ရန်ပြင်ဆင် တည်ဆောက်ခဲ့ပါသည်။ ထိုတည်ဆောက်ထားသည့် Website ၏အမည်ကိုလည်း Online Job Fair Myanmar အဖြစ်သတ်မှတ်ခဲ့ပြီး Facebook Group များနှင့်အနီးစပ်ဆုံးထပ်တူဖြစ်စေရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

Website အသုံးပြုရာတွင်လည်း Facebook Group များကဲ့သို့ပင် မိမိနှင့်သက်ဆိုင်သည့် Job Title Categorie သို့သာဝင်ရောက်ထားရန်လိုအပ်မည်ဖြစ်သည်။ ကုမ္ပဏီတိုက်ရိုက်ခေါ်စာများကိုသာ လျှောက်ထားလိုသူများအနေဖြင့် Company အောက်တွင်ပါရှိသည့် Job Title Categorie အတွင်း ဝင်ရောက်ထားရန်လိုအပ်မည်ဖြစ်ပါသည်။

Agency အောက်ရှိ Job Title Categorie အတွင်းဝင်ရောက်ထားပါက Agency မှခေါ်ထားသည့်ခေါ်စာ များကိုပါ တွေ့ရှိလျှောက်ထားနိုင်မည် ဖြစ်ပါသည်။

Company နှင့် Agency များအနေဖြင့် Seeker ထဲဝင်ထားလျှင် သက်ဆိုင်ရာ Job Title Categorie တွင်ရှိသည့် အလုပ်လိုအပ်သူများကို မြင်တွေ့ခွင့်ရမည်ဖြစ်ပြီး တိုက်ရိုက်ခေါ်ယူ ခန့်ထားနိုင်မည် ဖြစ်ပါသည်။

Online Job Fair Myanmar ဝဘ်ဆိုဒ်သည် လူတွေအလုပ်အကိုင်လိုအပ်လာတဲ့အခါ အချိန်နှင့်ငွေအကုန်အကျသက်သာစွာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ဖို့ အလုပ်ရှာသူနှင့် လုပ်ငန်းရှင်များ တိုက်ရိုက်အဆက်အသွယ်ရရှိအောင် ဆောင်ရွက်ပေးထားတဲ့ Website လေးဖြစ်ပါတယ်။

O.J.F.M

Online Job Fair Myanmar ၏ ရည်ရွယ်ချက်မှာ အလုပ်ရှင်များနှင့် အလုပ်သမားများ တိုက်ရိုက်အဆက်အသွယ်ရရှိ၍ အချိန် နှင့် ငွေ အကုန်အကျသက်သာစွာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ အမြန်ဆုံးရရှိစေရမည်။

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.