အင်တာဗျူးဖြေတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ စမ်းသပ်ချက်များ
17 April 2022
အင်တာဗျူးဖြေတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ စမ်းသပ်ချက်များ အလုပ်ရှင်တွေအတွက် ကိုယ့်အလုပ်နဲ့ကိုက်ညီပြီး အလုပ်ကြိုးစားတဲ့သူ၊ ရိုးသားတဲ့သူမျိုးကိုရရှိဖို့အတွက် အင်တာဗျူးတဲ့အခါမှာ သေချာလေ့လာတတ်ကြပါတယ် ။ အင်တာဗျူးဖြေတဲ့သူတွေရဲ့စိတ်ရင်းကို စမ်းသပ်တဲ့အနေနဲ့ အလုပ်ရှင်တွေသုံးလေ့ရှိတဲ့ စမ်းသပ်ချက်လေးတွေလည်းရှိပါတယ်။ အလုပ်အင်တာဗျူးတွေမှာ သုံးလေ့ရှိတဲ့ စမ်းသပ်ချက်လေးတွေကိုတော့ Online Job Fair Myanmar Member များအတွက် ဖော်ပြပေးလိုက်ပါတယ်နော် … (၁) ခဏစောင့်ခိုင်းတာ အင်တာဗျူးသွားဖြေတဲ့အခါ အချိန်ခဏစောင့်ခိုင်းလေ့ရှိပါတယ်။ ဒီလိုစောင့်ဆိုင်းနေစဉ်အတွင်း သင့်ရဲ့အပြုအမူကိုကြည့်ပြီး သင်ဟာစိတ်ရှည်တဲ့သူလား၊ စပ်စုတတ်တဲ့သူလား ၊ဒေါသကြီးတတ်တဲ့သူလားဆိုတာကို စမ်းသပ်တာပါ။ (၂) လျစ်လျူရှုတာ သင့်အကြောင်းတွေနဲ့ အလုပ်အပေါ်စိတ်ပါဝင်စားမှုတွေကို မေးမြန်းအင်တာဗျူးနေရင်း ရုတ်တရက်စိတ်မပါသလို ပြတင်းပေါက်ကိုငေးတာ၊ ကွန်ပြူတာကိုပဲကြည့်နေတာမျိုးလုပ်နေရင်တော့ လူတစ်ယောက်ရဲ့စိတ်ပါဝင်စားမှုကို သင်ဘယ်လောက်ရအောင်ယူနိုင်လဲဆိုတာစမ်းသပ်ချင်တာပါ။ (၃) လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးတာ အင်တာဗျူးဖြေပြီးလို့ အခြေအနေကောင်းတဲ့အခါ ကိုယ်နဲ့လက်တွဲအလုပ်လုပ်ရမယ့်သူတွေနဲ့လည်း မိတ်ဆက်ပေးတတ်ပါတယ်။ ဒါကတော့ ရုံးဝန်ထမ်းတွေရော ကိုယ့်အပေါ်ဘယ်လိုအမြင်ရှိကြလဲဆိုတာ သိချင်လို့ မိတ်ဆက်ပေးတဲ့သဘောပါ (၄) ခုံအောက်ကို ဘောပင်ပြုတ်ကျတာ သင်လျင်မြန်မှုဘယ်လောက်ရှိလဲ ၊ အာရုံစိုက်မှုနဲ့ ရိုးသားမှုဘယ်လောက်ရှိလဲဆိုတာတွေကို သိရဖို့အတွက်တော့ အင်တာဗျူးမေးခွန်းတွေမေးနေရင်းနဲ့ ခုံအောက်ကို ဘောပင်(သို့)တစ်ခုခုပြုတ်ကျတာမျိုးလုပ်တတ်ကြပါတယ်။ (၅) တစ်ခုခုသောက်မလား မေးတာ အခုနောက်ပိုင်း အင်တာဗျူးတွေမှာ ကော်ဖီတိုက်တာ(သို့) တစ်ခုခုသောက်ဦးမလား မေးပြီး စမ်းသပ်တတ်ကြပါတယ်တဲ့။ အင်တာဗျူးဖြေတဲ့သူက ကော်ဖီတစ်ခွက်သောက်ပြီး ပြန်တဲ့အခါ ခွက်ကိုဒီအတိုင်းထားခဲ့မလား၊ ရုံးထဲကတစ်ယောက်ယောက်ကို မေးမလား၊ ဒါမှမဟုတ် မီးဖိုချောင်မှာ ကိုယ့်ဘာကိုယ်သွားဆေးမလားဆိုပြီး စမ်းသပ်တာပါ။ အခြေအနေတစ်ခုမှာ ကိုယ်လုပ်မယ့်အပြုအမူကိုကြည့်ပြီး စိတ်ရင်းကိုခန့်မှန်းတာပါ။ ဒီစမ်းသပ်ချက်ကတော့ အင်တာဗျူးမေးခွန်းတွေထက်တောင်မှ လူတစ်ယောက်ရဲ့ စိတ်ရင်းကိုခန့်မှန်းလို့လွယ်ပါတယ်တဲ့။ #Credit
0 image 2       
17 April 2022 | 07:09 PM
ကျေးဇူးပါ။

22 November 2022 | 10:00 AM
ကျေးဇူးပါ

O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.