ခေါင်းဆောင်မှုအဆင့်(၅)ဆင့်
01 August 2023

သင်ဟာ ခေါင်းဆောင်တစ်ယောက်လား?

သင့်လုပ်ငန်း သင့်အဖွဲ့အစည်းမှာ ဦးဆောင်နေသူတစ်ယောက်လား?

ဒါဆို ခေါင်းဆောင်မှု အဆင့် ၅ ဆင့် ကိုသိပြီး သင် ဘယ် level ထိရောက်နေပီဆိုတာ သုံးသပ်နိုင်ပါတယ်။

(၁) Position

နံပါတ်တစ်အဆင့်ကတော့ သင်ဟာလူတွေကို ဦးဆောင်ရပါတယ်။ ဒါပေမယ့် သင့်မှာရာထူးရှိလို့ သင့်စကားကိုလိုက်နာကြတာ သင့်မှာရာထူးမရှိခဲ့ဘူးဆိုလျင် သင့်ကိုလှည့်ကြည့်ကြမှာမဟုတ်ဘူး။

ရာထူးတစ်ခုတည်းကြောင့် သင်ဟာခေါင်းဆောင်ဖြစ်နေတာပါ ဒီအချိန်မှာ သင်ဟာ မှန်မှန်ကန်ကန်လုပ်ဖို့အရေးကြီးပါတယ်။

(၂) Permission

ဒီအဆင့်မှာတော့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေဟာ ရင်းနှီးမှုတွေစတင်တည်ဆောက်နေပါပီ။ အားလုံးနဲ့ သဟဇာတဖြစ်ပြီး အားလုံးကလည်း ခေါင်းဆောင်အဖြစ် တညီတည်းလက်ခံလာကြပါပြီ ။

ဒါပေမယ့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ ရလာဒ်တွေမဖန်တီးပြနိုင်သေးပါဘူး။ ပြောမယ်ဆိုလူချစ်လူခင်များတဲ့ခေါင်းဆောင်ပေါ့.. ဒီလိုအဆင့်ကိုရောက်လာတာဟာ သင်ဟာ လက်အောက်ငယ်သားတွေနဲ့ Relationship ကောင်းလို့ဖြစ်ပါတယ်။

(၃) Production

ဒီအဆင့်မှာတော့ ခေါင်းဆောင်ဟာ အားလုံးလည်းလက်ခံလာတယ်။ ခေါင်းဆောင်အနေနဲ့လည်း ထူးချွန်ပြောင်မြောက်တဲ့ ရလာဒ်တွေ အောင်မြင်မှု တွေရရှိအောင် စွမ်းဆောင်နိုင်လာတယ်။

ဒီအဆင့်ကိုတော့ သင်ဟာ Results ကောင်းတွေ ရယူနိုင်လာလို့ပဲဖြစ်ပါတယ်။

(၄) People Development

ဒီအဆင့်မှာတော့ ခေါင်းဆောင်ဟာ သူတစ်ဦးတည်းဖွံ့ဖြိူးတိုးတက်လာတာမဟုတ်ပဲ အခြားသူတွေကိုပါ တိုးတက်လာအောင် လုပ်ဆောင်နေပါပီ။

ခေါင်းဆောင်ကောင်းတွေမွေးထုတ်ပေးနေပါပီ။ ဒီအဆင့်ကိုတော့ သင်ဟာခေါင်းဆောင်ကောင်းတွေပြန်မွေးထုတ်ပေးလာနိုင်လို့ရောက်လာတာပါ။

(၅) Pinnacle

ဒီအဆင့်မှာတော့ ခေါင်းဆောင်မှု အမြင့်ဆုံးဖြစ်ပါတယ်။ ခေါင်းဆောင်ဟာ အများကောင်းကျိူးအတွက် မိမိကိုယ်ကျိုးကိုသိပ်မတွေးပဲ ရေရှည် ပေးဆပ်သွားတဲ့ အဆင့်ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ သင်ဟာ အားလုံးရဲ့ ရင်ထဲကလေးစားမှုကို ရရှိမှုကြောင့်ရောက်လာတာပါ။

သင်ရော ဘယ်အဆင့်မှာရှိနေသလဲ?

၁ လား ၂လား ၃ လား ၄ လား ၅ လား

မှတ်ချက်။ ။ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆိုလျင်တော့ အမြင့်ဆုံး အဆင့်(၅)မှာရှိနေပါတယ်လို့‌ ပြောရင်း။

Credit-AungSiThu


0 image 0       
O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.