ထူးခြားသည့်အခွင့်အရေးတစ်ခုကို Online Job Fair မှာပါဝင်သည့် ကုမ္ပဏီများနှင့် အေဂျင်စီများအတွက်
ဖန်တီးပေးထားပါတယ်။ လုပ်ငန်းသဘောအရ ကုမ္ပဏီ / အေဂျင်စီ များအနေဖြင့် ဝန်ထမ်းရှာဖွေခြင်းကို
တာဝန်ခံတစ်ဦးတည်းသာမက အခြားဝန်ထမ်းအချို့ကိုပါ တာဝန်ပေးဆောင်ရွက်စေလျှက်ရှိကြ ပါတယ်။
ထိုသို့ ကုမ္ပဏီကိုယ်စားပြု၍ ဆောင်ရွက်ရသည့် ဝန်ထမ်းသည် Job Post တင်ခြင်း ၊ ဝန်ထမ်းရှာခြင်းများ
ဆောင်ရွက်ရာတွင် ကုမ္ပဏီ Logo ဖြင့်ပေါ်စေ၍ ကုမ္ပဏီကို ကိုယ်စားပြုကြောင်း ပေါ်လွင်စေရန်
ကုမ္ပဏီ / အေဂျင်စီ နေရာမှ အကောင့်ဖွင့်ရာတွင် အကောင့် Photo နေရာတွင် တာဝန်ရှိသူ၏ ပုံထည့်၍
ကုမ္ပဏီ Logo နေရာတွင် မိမိကိုယ်စားပြုသည့် ကုမ္ပဏီ၏ Logo ထည့်၍ ၊ ကုမ္ပဏီအမည် ၊ ဝက်ဆိုဒ်လင့် ၊
ကုမ္ပဏီလိပ်စာ ၊ ကုမ္ပဏီအကြောင်း (အသိပေးလိုသည့်အချက်များ) ကိုဖေါ်ပြနိုင်ရန် စီစဉ်ပေးထားပါသည်။
ထိုသို့စီစဉ်ပေးထားခြင်းကြောင့် ကုမ္ပဏီကို ကိုယ်စားပြုသည့် အကောင့် အကန့်အသတ်မရှိထားရှိနိုင်ပြီး
တာဝန်ကျဝန်ထမ်းကို ထိုအကောင့်များပေး၍ ဝန်ထမ်းရရှိရေး ဆောင်ရွက်စေနိုင်မည့် အခွင့်အရေးကို
Online Job Fair တွင်ရှိစေမည်ဖြစ်ပါသည်။