အလုပ်​လျှောက်တဲ့အခါ ပြင်ဆင်ရမည့်အချက်များ
17 April 2022
အလုပ်​လျှောက်တဲ့အခါ ပြင်ဆင်ရမည့်အချက်များရေးပါရ​စေ .... #အင်တာဗျူးမ​ဖြေဆိုမှီ ၁. CV Form ကို​သေချာပြင်ဆင်ပါ။ မိမိအားသာချက်ကို​ပေါ်လွင်​အောင်​ရေးပါ။ရာထူးကြီးပါက ထောက်ခံသူ (Reference) ၃ဦး ပါဝင်ပါ​စေ..(ပညာ​ရေးအတွက်​ထောက်ခံသူတစ်ဦး၊အရင်အလုပ်မှအလုပ်နှင့်ပတ်သတ်ပြီး​ထောက်ခံသူတစ်ဦး၊ကုန်သည်တစ်ဦးမှ​ထောက်ခံချက် (အ​ရောင်း​စျေးကွက်တာဝန်ဆိုရင်)ပါရင်ပို​ကောင်းပါတယ်။ (အ​ကောင်းဆုံး CV တစ်​​စောင်ဘယ်လို​ရေးရမယ်ဆိုတာထပ်​ရေးပါမယ်။) ၂. မိမိနှင့်ကိုက်ညီ​သောအလုပ်ကိုသာ​လျှောက်ပါ။ (အချို့ကအလုပ်လိုချင်​ဇောနဲ့​တွေ့သမျှ​လျှောက်တာ​ကြောင့် အင်တာဗျူးမ​အောင်ရင်စိတ်ဓါတ်ကျနိုင်ပါတယ်။) ၃. CV. မှာ​ပေးထား​သောဖုန်းနံပတ်ကိုအမြဲဖွင့်ထားပါ။အားပါ​စေ။(အင်တာဗျူးခေါ်တဲ့အခါ ဖုန်းမအားလို့၊ဆက်မရလို့အခွင့်အ​ရေးမလွတ်ပါ​စေနဲ့) ၄. အင်တာဗျူးခေါ်ပါက ခေါ်သည့်အလုပ်နှင့်ပတ်သတ်ပြီး(ကုမ္ပဏီ၊လုပ်ငန်း) ကြိုတင်​လေ့လာပါ။(ဘာလုပ်ငန်းလဲ?၊ဘာ​တွေ​ရောင်းတာလဲ?သိရှိသူများရှိပါကစုံစမ်း​မေးမြန်းပါ။​လေ့လာထားပါ။) ၅. အင်တာဗျူးမည့်​နေရာကိုကြိုပြီးသွားကြည့်ပါ။ လေ့လာပါ။မိမိအိမ်မှသွားပါကအချိန်မည်မျှကြာနိုင်​ကြောင်းကြိုပြီး​လေ့လာပါ။(အင်တာဗျူး​နေ့နောက်ကျတာ First Impressions ကျပါတယ်။) ၆. အင်တာဗျူးဖြေမည့်​နေ့အားအင်ပြည့်​စေရန် အိပ်​ရေးဝဝအိပ်ပါ။ #ဖြေဆိုမည့်​နေ့ပြင်ဆင်ရန် ၇. ​ဖြေဆိုမည့်​နေ့ဝတ်စားဆင်ယဥ်တာအ​ရေးကြီးပါတယ်။သပ်ရပ်ဖို့လိုပါတယ်။သန့်သန့်ရှင်းရှင်းဖြစ်ပါ​စေ။ အင်တာဗျူးမေးမည့်သူသည်အရင်ဆုံး Personality ကိုအရင်ဆုံးကြည့်မှာဖြစ်ပါတယ်။ ၈. အင်တာဗျူးဖြေမည့်ရုံးသို့ချိန်းဆိုထားသည့်အချိန်ထက် ၁၅မိနစ်ကြိုပြီး​ရောက်​အောင်သွားပါ။ ၉. အင်တာဗျူးတွင်အ​မေးများ​သော​မေးခွန်းမှာ က. အရင်အလုပ်မှာဘာ​တွေလုပ်ခဲ့သလဲ?ဘာတာဝန်ယူခဲ့သလဲ? (ဒါကမိမိရဲ့ Presentation Skill ကိုသိချင်တာ။ နောက်တစ်ခုကလုပ်ခဲ့တဲ့အလုပ်ကိုကြည့်ပြီး ကိုယ့်ကျွမ်းကျင်မှု့ (Skill)ကိုခန့်မှန်းတာဖြစ်ပါတယ်။ ခ. စျေးကွက်ထဲကဘယ်ကုန်သည်​တွေသိလဲ?ပြိုင်ဘက်​တွေကဘယ်သူ​တွေလဲ?စျေးကွက်အ​ပေါ်ထင်မြင်ချက်များ (ဒါက ကိုယ့်ရဲ့ ဗဟုသုတ (Knowledge) ကိုမှန်းချင်လို့ မေးတာဖြစ်ပါတယ်။) ဂ. အရင်အလုပ်ကဘာလို့ထွက်ခဲ့တာလဲ? (ဒါက ကိုယ့်ရဲ့စိတ်သ​ဘောထား(Attitude) ကိုမှန်းဆတာပါ။) အများစုက "က" နဲ့ "ခ" ကို​ဖြေဆိုနိုင်ပြီး၊ "ဂ" မေးခွန်းမှာ "ကျ" တက်ပါတယ်။ အလုပ်ထွက်ခဲ့တဲ့အ​ကြောင်း​​ဖြေတာယုံကြည်ဖို့ခက်ခဲတာ​မျိုးတွေ့ရပြီး၊အချို့က ဒီ​မေးခွန်းမှာ အရင်အလုပ်က စီမံသူ​တွေအ​ပေါ်မ​​ကောင်း​ကြောင်း​ပြောမိတာ​တွေ​တွေ့ရပါတယ်။ ဒါကမ​ကောင်းပါဘူး။ #ဒါဆိုဘယ်လို​ဖြေသင့်သလဲ? အမှန်တိုင်း​ပြောတာ​တော့အ​ကောင်းဆုံးပါ။(အရင်လုပ်ခဲ့အလုပ်မ​ကောင်း​ပြောတာမျိုး​တော့​ရှောင်ရပါမယ်) ဖြေဖို့​ကောင်းတာက "တိုးတက်မှု့လိုချင်လို့" "စိန်​ခေါ်မှု့အသစ်လိုချင်လို့" စတာ​တွေကကောင်းပါတယ်။ ၁၀. မေးတဲ့သူက​​မေးပြီးဘာ​ပြောစရာရှိ​သေးလဲ?လို့​မေးရင်အများစုက ရုံးပိတ်ရက်၊အလုပ်ချိန်​တွေ​မေးတက်ပါတယ်။ အချို့က Ferry ရှိလားဆိုတာမျိုးမေးတက်ပါတယ်။ ဒီလို​မေးတာထက် "ဒီအလုပ်မှာကျွန်​တော်ကြိုးစားရင်တက်လမ်းရှိလား?" ဆိုတာမျိုးနဲ့ "ဒီအလုပ်မှာသင်တန်းတွေ​ပေးလား?" ဆိုတာမျိုး​မေးသင့်ပါတယ်။ ဒါဆိုမေးမြန်းသူက အလုပ်ကြိုးစားမည့်သူ၊ တက်လမ်းရှာ​နေသူလို့ထင်ပါလိမ့်မယ်။ အမှတ်ရ​စေတဲ့​မေးခွန်း​တွေပါ။ ၁၁. အင်တာဗျူပြီးပါက အားလုံးကိုနှုတ်ဆက်ပါ။ "ကျွန်တော်ဒီအလုပ်မှာလုပ်ရမယ်လို့​မျှော်လင့်ပါတယ်" "ကျွန်တော်ကိုလုပ်ခွင့်​ပေးရင်အစွမ်းကုန်ကြိုးစားပါမယ်" လို့​ပြောခဲ့ပါ။ (မိမိကိုအင်တာဗျူးသူများရဲ့ Business Card လေးရရင်ယူခဲ့ပါ။) #အင်တာဗျူးပြီး​နောက် ၁၂. နောက်တစ်ရက်မှာ Business Card ထဲက email များ (သို့) ဖုန်းသို့ စာ​ရေးပါ။ စာ​ရေးရာတွင်မိမိကိုယ်ကိုပြန်မိတ်ဆက်ပါ။အင်တာဗျူးမှာ အမှတ်ရစရာရှိတာများရှိရင်သတိရ​အောင်​ရေးပါ။(စာရှည်လို့မရပါ။တိုတိုနဲ့ထိမိပါ​စေ) အင်တာဗျူးပေးတဲ့​ကျေးဇူးတင်​ကြောင်းနဲ့ အလုပ်လုပ်ခွင့်​ပေးရင်​ပျော်ရွှင်မိမည့်အ​ကြောင်းနှင့်ကြိုးစားလုပ်ကိုင်ချင်​ကြောင်း​​ရေးပါ) အင်တာဗျူးသူ​တွေက ဗျူးပြီးတဲ့ထဲက ၂ယောက်ကိုကြိုက်တယ်ဆိုပါစို့။ အဲဒီလို့ Message (သို့) စာရရင် အဲဒီ့သူ့ကို​ရွေးချယ်တက်ပါတယ်။ အင်တာဗျူးတဲ့အခါ စိတ်တည်တည်ငြိမ်ငြိမ်ရှိပါစေ။ သိရင်သိတာဘဲ​ဖြေပါ။မသိတာကိုမရွှီးပါနဲ့။ မေးတဲ့​မေးခွန်းမရှင်းရင်ပြန်​မေး​ပေးပါ။ အလုပ်​လျှောက်တဲ့အခါ "CPSKA" ကို​သေချာပြင်ဆင်ပြီး​လျှောက်ပါ။ C - CV P - Personality S - Skill K - Knowledge A - Attitude #CV ကို​သေချာပြင်ဆင်ပါ။ #Personality - ဆံပင်ကစပြီး၊​ခြေ​ထောက် (ဖိနပ်အထိ) သပ်ရပ်သန့်ရှင်း​သေသပ်ပါ​စေ။ #Skill - မိမိကျွမ်းကျင်မှု့ကို​မေးမည့်​မေးခွန်းများအတွက်ကြိုတင်ပြင်ဆင်ပါ။ #Knowledge - ကိုယ့်ကို​မေးမည့် လုပ်ငန်းနှင့်ဆက်စပ်​သော ဗဟုသုတများဆိုင်ရာ​မေးခွန်းများနှင့်ပတ်သက်ပြီး​သေချာပြင်ဆင်ပါ။ #Attitude - မိမိစိတ်​နေသဘောထားနဲ့ပတ်သက်ပြီး​မေးမည့်​မေးခွန်းများကိုကြိုတင်ပြင်ဆင်ပါ။ အလုပ်အကိုင်များအဆင်​ပြေကြပါ​စေ...
1 image 0       
O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.