"နင်ဟာလေ ပြောတုန်းခဏပဲ...ပြီးရင် မေ့ရော..."
အဲဒီလိုမျိုး အမေဆူတာ ကြုံဖူးကြတယ်မလား?
အမေပြောလဲပြောချင်စရာ...
ကျွန်တော်တို့ကိုယ်တိုင်က နားထောင်နေတုန်းခဏပဲ။
ပြီးရင် ဟိုဘက်နားကဝင် ဒီဘက်နားကထွက်နဲ့
မေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ရော။
* ပညာတစ်ခုခုကိုသင်မယ်ဆိုလဲ ဒီအတိုင်းပဲဗျ။
နားထောင်ရုံပဲ နားထောင်နေလို့ကတော့
ဘာမှရလိုက်မှာမဟုတ်ဘူး။
* နားထောင်ပြီး ပြန်ဖတ်မယ်ဆိုရင်တော့
နည်းနည်းကျန်ချင်ကျန်ခဲ့ဦးမယ်။
* ဒီထက်ပိုရချင်ရင် ပြန်ဆွေးနွေးဗျာ။
သူ့အမြင်ကိုယ့်အမြင်ဖလှယ်ရင်း
ဒီပညာရပ်ကို နက်နက်နဲနဲ သိလာလိမ့်မယ်။
အကုန်မဟုတ်သေးပေမဲ့
တစ်ဝက်လောက်တော့ ရလာမှာအမှန်ပဲ။
* အဲ... ရလာတာတွေကို ပြန်အသုံးချကြည့်။
ဆွေးနွေးတာထက် ပိုအကျိုးထူးတယ်ဗျ။
ဒါကြောင့်လဲ လက်တွေ့မပါတဲ့ စာတွေ့က
ဆားမပါတဲ့ဟင်းလို အရသာမပြည့်စုံနိုင်ဘူးလို့
လူကြီးတွေ ပြောကြတာပေါ့ဗျာ။
* ဒီထက်ပိုရချင်တယ်၊ ကိုယ်ကိုယ်တိုင်က ဒီပညာရပ်မှာ
ဆရာတစ်ဆူဖြစ်ချင်တယ်ဆိုလို့ကတော့
တခြားလူကို ပြန်သင်နိုင်အောင်သာလုပ်...
ဒါက လေ့လာခြင်းခရီးစဥ်မှာ အမြင့်ဆုံးအဆင့်ပဲ။
ဒီပညာရပ်ကိုလဲ ပိုပြီးအားစိုက်လေ့လာဖြစ်သွားသလို
ပိုပြီးတော့မှလဲ ကျွမ်းကျင်ပိုင်နိုင်သွားလိမ့်မယ်။
ဒါကြောင့်လဲ ပညာတစ်ခုကို ထူးချွန်ချင်ရင်
နားထောင်တဲ့အဆင့်ကနေ
ပြန်သင်ပေးနိုင်တဲ့အဆင့်ထိရောက်အောင်
ကြိုးစားရမယ်လို့ ကျွန်တော်တို့ဆရာတွေက ပြောတာဗျ။
နယ်ပယ်တစ်ခု ပညာရပ်တစ်ခုကို လေ့လာဖို့
အဓိက နည်းလမ်းကတော့ စာများများဖတ်ဖို့ပါပဲ။
* အခုပဲ စာဖတ်ပြီး နယ်ပယ်တစ်ခုမှာ ထူးချွန်တဲ့သူဖြစ်အောင်
အားစိုက်ပြီး ကြိုးစားလိုက်ပါ။
#Crd Shwe Note