အတန်းပညာ နှင့် အတတ်ပညာ ကွာခြားချက်
28 June 2022
"ဘွဲ့ရပညာတက်တွေ မချမ်းသာပဲ ကျောင်းမနေ ကျောင်းတဝက်တပျက် ပညာမတက် တွေချမ်းသာလို့ ရေးတဲ့အကြောင်း" Credit ., ခင်ခင်ထူး ကိုယ့်အမြင်လေးပေါ့နော် "မြန်မာနိုင်ငံမှာ ပညာမတက်တွေကချမ်းသာနေတယ် ဘွဲ့ရပညာတက်တွေက လစာ ၂သိန်းကမတက်ဘူးလို့ ရေးသားထားတာတွေ့ရတယ်" အဲ့တော့မေးချင်တာက ပညာ ဆိုတာ စာတက် ပေတက် ကျောင်းကပေးတဲ့ဘွဲ့ရမှ ပညာတက်လို့ခေါ်တာလား? ထမင်းချက်တာကလွယ်ပေမယ့် ထမင်းလုံးလှဖို့တော့ပညာပါမှရမယ် ဥပမာ(ဆန်ဘယ်လောက်ဆို ရေဘယ်လောက်ဆိုတာမျိုး) စျေးရောင်းတာလွယ်ပေမယ့် စျေးရောင်းတတ်တဲ့ ပညာပါမှရောင်းကောင်းမယ် ဥပမာ(marketing ပုံစံပေါ့) ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ လက်ထောက်အင်ဂျင်နီယာက လစာ ၄ သိန်းရတယ် အလုပ်သမား ကြီးကြပ်ကလစာ 180000 ပဲရတယ် အောက်ချေကအလုပ်ကြမ်းသမားတွေဖြစ်တဲ့ အထမ်းသမားက တရက် ၁ သောင်းရတယ် သံလျက်ကိုင်သမားကတရက် ၁ သောင်းခွဲရတယ် ဘာကွာလဲ ပညာကွာတယ် ဘာပညာလဲ အလုပ်ပိုင်း ကျွမ်းကျင်မှု့ပညာကွာတယ် နောက်တခု ရွှေဆိုင်တဆိုင်မှာ ဆိုင်မန်နေဂျာဘွဲ့ရလစာက 500000 ဆယ်တန်းအောင်ဘွဲ့ရအရောင်းဝန်ထမ်းလစာက 230000 ဆယ်တန်းအောင် ဧည့်ကြိုဝန်ထမ်းလစာက 200000 ၈တန်းအောင် လုံခြုံရေးလစာက 180000 အတန်းပညာမတက်တဲ့ ပန်းတိမ်သမားလစာက 12သိန်းကနေ 14သိန်း ထိရှိကျတယ် ဘာကွာလဲ ပညာကွာတယ် ဘာပညာလဲ အလုပ်ပိုင်း ကျွမ်းကျင်မှု့ပညာကွာတယ် အဲ့တော့ပြောချင်တာက ကျောင်းပညာတက်ဘွဲ့ရမှပညာတက်မဟုတ်ဘူး အလုပ်ကသင်ပေးတဲ့ပညာတက်နေရင်လဲပညာတက်ပဲ နောက်တခုကကျောင်းဘွဲ့ရတချို့က လစာ၄သိန်းဆို ကျေနပ်နေကျတယ် တက်လမ်းသိပ်မရှာကြတော့ဘူး အလုပ်ကကြားပေါက်ဝင်ငွေပဲရှာကြတော့တယ် အလုပ်ပညာတက်ကျတော့ ဒီလဒီလောက်ရရင် နောက်လပိုရအောင် အလုပ်ကြိုးစားကြတယ်ပိုလုပ်ကြတယ် ဘယ်တော့မှ ကျေနပ်နေနိုင်ခြင်းမရှိဘူး ကျောင်းဘွဲ့မရတွေ ချမ်းသာတာလဲမပြောတဲ့ သူများဆီလခစား နေ့စားလုပ်တယ်ဆိုတာလဲ အချိန်အကန့်အသက်တခုထိပဲ ပီးရင် ကိုယ်ပိုင်စီးပွားရေးအသေးလေးစတော့တာပဲ အဲ့တော့တလွဲအတွေးတွေမတွေးပါတဲ့ လူတိုင်းကသူ့အိုးနဲ့သူ့ဆန်ပဲ တန်ရာတန်ရာပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကိုပြောချင်မဟုတ်ပါ တချို့တချို့သောလူတွေအတွက်သာ (ပညာဆိုတာနဲ့ပတ်သတ်ပီးကိုးကားထားချင်သာ) Credit.. ခင်ခင်ထူး
1 image 0       
O.J.F.M

The purpose of the Online Job Fair Myanmar is to provide save your time and money, job opportunities through direct contact with employers and employees.

 

Download Us On

Don't have an account? Register

© 2021 O.J.F.M. All Right Reserved.